International News

COVID-19 ကာလအတွင်း လိမ်လည်ခံရမှုများမှ လျော့ပါးသက်သာစေရန် အကြံပြုထားသည့် စီးပွားရေးဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုများ

Last Updated:

ကမ္ဘာတစ်ဝှမ်း၌ COVID-19 ကပ်ရောဂါကူးစက်ပျံ့ပွာမှုများ နှေးကွေးလာကာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာပုံရသော်လည်း ၎င်းကပ်ရောဂါကြောင့် ကုမ္ပဏီများမှာ လုပ်ငန်းများ လည်ပတ်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာတို့အပေါ် စိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်နေကြရပါသည်။ နိုင်ငံအများအပြားတွင် မိမိတို့အခြေအနေ ရောဂါပြန့်ပွားမှုနှေးကွေးသွားသည့် အတိုင်းအတာ နှင့်လျော်ညီစွာ စီးပွားရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပြုလာသောကြောင့် လုပ်ငန်း များအနေဖြင့် ခက်ခဲသည့်ကာလအတွင်း ရုန်းကန်ရှင်သန်နိုင်ရန် ၎င်းတို့၏ ငွေဖြစ်လွယ်မှုအား ထိရောက်စွာစီမံခန့်ခွဲရန်နှင့် ရောဂါကူးစက်မှုဖြစ်နိုင်ခြေအား အကဲဖြတ်ထားရန် လိုအပ်နေပါ သည်။

ထိုကဲ့သို့ စီးပွားရေးမတည်ငြိမ်မှုများဖြစ်နေစဉ်တွင် လိမ်လည်မှုများကြောင့် လုပ်ငန်းအများစုမှာ ရပ်တည်ရန်ခက်ခဲလာကြပါသည်။ COVID-19 ကပ်ရောဂါကာလအတွင်း လုပ်သားများမှာ ခရီး သွားလာမှုကန့်သတ်ချက်များကြောင့် ပြဿနာများကြုံတွေ့ရကာ အိမ်မှအလုပ်လုပ်ကိုင်ခြင်း (working-from-home) မှာ ပုံမှန်လူနေမှုဘဝ၏ ပုံစံအသစ်ဖြစ်လာချိန်၌ တရုတ်နိုင်ငံရှိ နိုင်ငံစုံ ကုမ္ပဏီကြီးများမှာ လိမ်လည်မှုများကြောင့် ဆုံးရှုံးနိုင်ခြေများနှင့် ကြုံတွေ့နေရကြောင်း ၎င်းတို့ ကိုယ်တိုင် သုံးသပ်လာကြပါသည်။ ထို့ကြောင့် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများအနေဖြင့် လိမ် လည်မှုများကြောင့် မိမိတို့အဖွဲ့အစည်းနှင့် လုပ်ငန်းများအတွင်း ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ် ရန် အခြားအချိန်ကာလများထက် အရေးကြီးလာသဖြင့် မြန်မာနိုင်ငံဘက်မှ လုပ်ငန်းများလည်း သတိပြုနိုင်ကြရန် ရေးသားဖော်ပြအပ်ပါသည်။

COVID-19 အားဖြင့် လိမ်လည်မှုပြုနိုင်သည့်နည်းလမ်းသုံးသွယ်

 

၎င်းဝန်ထမ်းက စီမံကြီးကြပ်မှုမရှိဘဲ အရေးကြီးသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်လာသည့်အခါ ၎င်းလုပ်ပိုင်ခွင့်အား ချိုးဖောက်မှုပြုလျက် ၎င်း၏ ကိုယ်ကျိုး အတွက် အလွဲသုံးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။  ထို့ကြောင့် ထိုသို့သော ဝန်ထမ်းများက ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်းနှင့် ဆက်နွယ်နေသည့် ဉပဒေများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ   ၎င်းတို့၏ တာဝန်ဝတ္တရားများကို အပြည့်အဝထမ်းဆောင် နေခြင်းရှိ၊မရှိ ရှယ်ယာဝင်များက ထိန်းကျောင်းကြပ်မတ်သင့်ကြပါသည်။

 

လိမ်လည်မှုပြုခြင်းအား သရုပ်ခွဲကြည့်ပါက ပြုလုပ်ရန်တွန်းအား၊ ပြုလုပ်နိုင်သည့် အခွင့်အရေး နှင့် ကျိုးကြောင်းချင့်ချိန်အကဲဖြတ်ခြင်းဟူသော နည်းလမ်းသုံးသွွယ်အား တွေ့ရပါသည်။

 လုပ်ငန်းတွင်းနှင့် လုပ်ငန်းခွင်ပြင်ပဖိအား

ကိုရိုနာကပ်ရောဂါဖြစ်ပွားချိန်မှစ၍ လူအများအပြားမှာ ၎င်းတို့၏ အလုပ်များဆုံးရှုံးခြင်း (သို့မဟုတ်) လစာလျှော့ချခံရခြင်းဟူသည့် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများဖြင့် ကြုံတွေ့နေရပါ သည်။  အိမ်ထောင်စုများအပေါ် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများတိုးလာခြင်းက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအား အကျဘက်သို့ ပိုမိုဉီးတည်စေပြီး နှစ်ရှည်လများ အများပြည်သူကျန်းမာရေး အကျပ်အတည်းကြုံတွေ့နေစဉ်အတွင်း လိမ်လည်မှုများ ပြုလုပ်လာမှုအပေါ် တွန်းအားများဖြစ် လာစေကာ လုပ်ငန်းများ၏ ရုန်းကန်နေရမှုအပေါ် သက်ရောက်လာနိုင်ပါသည်။

လိမ်လည်မှုပြုလုပ်နိုင်သည့် အခွင့်အရေး

မိမိအိမ်မှ အလုပ်လုပ်ရသည့်အစီအမံများနှင့် ခရီးသွားလာမှုကန့်သတ်ချက်များကြောင့်လုပ်ငန်း များ၏ အဓိကလုပ်ငန်းဆောင်တာအများအပြားမှာ စီမံကြီးကြပ်မှုမရှိတော့ခြင်း (သို့မဟုတ်) စီမံကြီးကြပ်သူဝန်ထမ်း လိုအပ်သည်ထက်နည်းပါးခြင်းမျိုး ကြုံတွေ့လာရပါသည်။ အထူးသဖြင့် (ကုန်ထောက်ပံ့သူများ၊ ဖောက်သည်များ စသည်) တတိယပုဂ္ဂိုလ်များအား ပြောင်းလဲရန်လိုအပ် စဉ်တွင်  များသောအားဖြင့် အပြည့်အဝ ထိရောက်စွာစစ်ဆေးနိုင်မှုမရှိတော့ပါ။ ထို့ကြောင့် ကုန် စည်ထောက်ပံ့သူများအား ရွေးချယ်ခြင်းနှင့် ဈေးနှုန်းသတ်မှတ်ခြင်းပြုသည့် လုပ်ငန်းစဉ်အား ဆောင်ရွက်ရာတွင် လိမ်လည်၍ အမြတ်ထုတ်နိုင်သည့် အခွင့်အရေးများပေါ်ပေါက်လာပါသည်။

ကျိုးကြောင်းချင့်ချိန် အကဲဖြတ်ခြင်း

ဖိအားများတိုးလာကာ လုပ်ငန်းတွင်းထိန်းချုပ်မှုများ ကျဆင်းသွားချိန်၌ လိမ်လည်သူများက မိမိတို့၏အကျင့်စာရိတ္တပိုင်းအားနည်းလာမှုအား ချင့်ချိန်ရာတွင် ကာယပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ (သို့မဟုတ်) ဘဏ္ဍာရေးပိုင်ဆိုင်ရာ အခက်အခဲများကြောင့် ကျူးလွန်ရန် ပိုမိုလွယ်ကူ သွားပါသည်။

COVID-19 ဖြစ်ပွားစဉ်တွင် လိမ်လည်မှုပြုလုပ်မှုများအပေါ် အဓိကရှာဖွေတွေ့ရှိချက်များ

COVID-19 ဖြစ်ပွားနေသည့်ကာလအတွင်း လိမ်လည်မှုများတိုးလာစဉ် နိုင်ငံစုံလုပ်ငန်းတိုင်းမှာ မိမိတို့ကိုယ်တိုင် အကဲဖြတ်မှုဆောင်ရွက်ကာ လုပ်ငန်း၏ ကြံ့ကြံ့ခံရပ်တည်နိုင်သည့်အဆင့်အား တိုးတက်စေရန် လိမ်လည်မှုကြုံတွေ့ရနိုင်ခြေ အများဆုံးနေရာများအား သတ်မှတ်ဖော်ထုတ် ထားရပါမည်။  တစ်ချိန်တည်းမှာပင် ဝန်ထမ်းများကလည်း မိမိတို့ကိုယ်ကို ကာကွွယ်ထားရေး သတိရှိရန်နှင့် ၎င်းတို့ ကုမ္ပဏီများအား လိမ်လည်မှုအန္တရာယ်များမှ ကာကွယ်ရေး သတိရှိကြရန် လိုအပ်ပါသည်။ အောက်ဖော်ပြပါတို့မှာ COVID-19 နှင့်ဆက်နွယ်၍ လိမ်လည်ပြုလုပ်မှု အများ ဆုံးဖြစ်သည့် စာရင်းဖြစ်ပြီး ၎င်းတို့အပေါ် ကြိုတင်သတိပြုကြရန်နှင့် ဖြေရှင်းနည်းများအား ကြိုတင်စဉ်းစားထားကြရန် လိုအပ်ပါသည်-

အများအားဖြင့် ကြုံတွေ့ရသည့် လိမ်လည်မှုနမူနာများ

(က) ဝယ်ယူရာတွင်လိမ်လည်မှု

ကုမ္ပဏီအမျိုးမျိုးတို့မှာ လိမ်လည်မှုအမျိုးမျိုးနှင့် ကြုံတွေ့ရနိုင်ပါသည်။ ဉပမာ ကုန်သွယ်ရေးနှင့် စက်မှုကုန်ထုတ်လုပ်ရေးကုမ္ပဏီများ တရုတ်နိုင်ငံမှ ရင်းမြစ်ရယူရာတွင် ဝယ်ယူမှုနှင့် ငွေပေးချေ မှုများအပေါ် နီးနီးကပ်ကပ်သတိပြုကြရန် အကြံပြုလိုပါသည်။ အဘယ်ကြောင့်ဆိုသော် လာဘ် ငွေပေးမည်ဟူသော ကတိကဝတ်ဖြင့် ပြည်တွင်းစီမံခန့်ခွဲရေးနှင့် ရင်းမြစ်အသင်းတို့က အဂတိ အမှုပြုတတ်ကြသောကြောင့်ဖြစ်ပါသည်။ မှန်မှန်ကန်ကန်ရှိစေရန် ကုမ္ပဏီများဘက်က ရင်းမြစ် အသင်းများ ဖွဲ့စည်းထားသော်လည်း ဘက်လိုက်ထားသည့် ကုန်စည်ထောက်ပံ့သူကို ရွေးချယ် လိုသူတို့က အသင်းဝင်များအဖြစ် သူငယ်ချင်းများနှင့် ဆွေမျိုးများကို ထည့်သွင်းထားတတ်ကြ ပါသည်။

ထိုသို့သောသာဓကများမှာ တရုတ်နိုင်ငံတွင် များသောအားဖြင့် ကြုံတွေ့ရတတ်သည်များ ဖြစ် ကြပါသည်။ လက်ရှိ COVID-19 ကပ်ရောဂါဖြစ်ပွားချိန်၌ ထိုကဲ့သို့သော လိမ်လည်မှုများပြုလုပ် ရန် ပိုမိုအခွင့်သာလာပါသည်။  ထိုသို့သော အခြေအနေအောက်တွင် ကုန်စည်ထောက်ပံ့သူ ရွေး ချယ်ခြင်းနှင့် ဈေးနှုန်းသတ်မှတ်ခြင်း လုပ်ငန်းစဉ်ထိန်းချုပ်ရေးနှင့် ကြီးကြပ်ကွပ်ကဲရေးအား နိုင်ငံစုံလုပ်ငန်းများက ခိုင်မာအားကောင်းစေသင့်ပါသည်။ အထူးသဖြင့် လာဘ်ငွေယူခြင်းနှင့် ကုန်စည်ထောက်ပံ့သူများနှင့် ပူးပေါင်းလိမ်လည်ခြင်း မျိုးမဖြစ်စေရန် ကုမ္ပဏီများက မတူညီ သည့်အဆင့်များအား ခန့်ထားပြင်ဆင်ထားသင့်ပါသည်။

(ခ) ငွေကြေးခိုးယူမှု

တရုတ်အသင်းနှင့် နိုင်ငံစုံလုပ်ငန်းများသည် အထူးသဖြင့် ငွေပေးခြင်းနှင့် ငွေလက်ခံပြေစာများ ထုတ်ပေးခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စများအတွက် တာဝန်များကို သင့်လျော်စွာခွဲဝေပေးရေး သတိထားပေးသင့်ပါသည်။ အကယ်၍ e-banking ပေးချေမှုများအစပြုခြင်းနှင့် အတည်ပြုခြင်း တို့အား ပုဂ္ဂိုလ်တစ်ဉီးတည်းက ထိန်းချုပ်ထားခဲ့ပါက (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဉီးတည်းအား ကုမ္ပဏီတံဆိပ်တုံးနှင့် ကော်ပိုရိတ်ချက် လက်မှတ်စာအုပ်များကို ကိုင်ဆောင်ခွင့်ပေးထားလျှင် ငွေကြေးခိုးယူမှုအန္တရာယ်များကို အမှန်တကယ်ကြုံတွေ့လာရနိုင်ပါသည်။ အလားတူပင်စာရင်း ကိုင်နှင့် ငွေကိုင်လုပ်ငန်းတာဝန်များအကြား လုပ်ငန်းတာဝန်အား သင့်လျော်စွာခွဲထားခြင်း မပြု ခဲ့ပါက ဝင်ငွေအသုံးစရိတ်နှင့် မတည်ငွေရင်းဆိုင်ရာ အသုံးစရိတ်မှတ်တမ်းများ၏ တိကျမှုနှင့် ပြီးမြောက်မှုတို့အား လိမ်လည်ငွေချေမှုများပြုခြင်း (သို့မဟုတ်) အခြားစီးပွားရေး ရာဇဝတ်မှု များဖြစ်သည်ထိအောင် ထိခိုက်စေနိုင်ပါသည်။ 

(ဂ) အသုံးစရိတ်လိမ်လည်တောင်းခံမှု

ပြောင်းပြန်အားဖြင့် ကြီးမားသော တရုတ်အသင်းနှင့် ကုမ္ပဏီများအနေဖြင့် လစာပေးခြင်းနှင့် လစာပေးထားမှုအား ငွေပြန်အမ်းခြင်းအစီအစဉ်များတွင် လိမ်လည်မှုများရှိနိုင်သဖြင့် ဒေသခန့် လစာပေးမှုစနစ်အား သတိကြီးစွာထား၍ ထိန်းကျောင်းရန်လိုအပ်ပါသည်။ အကယ်၍ အထွေ ထွေမန်နေဂျာတစ်ယောက်က လစာပေးမှုကိစ္စများအပေါ် လူ့စွမ်းအားအရင်းအမြစ်အဖွဲ့အား ရှောင်ရှား၍  လိမ်လည်မှုပြုပါက အမှန်တကယ် ခန့်ထားခြင်းမရှိသည့် ဝန်ထမ်းများအတွက်  ၎င်းတို့၏  ဘဏ်စာရင်းများထဲသို့ ငွေလွှဲပြောင်းပေးခြင်း (သို့မဟုတ်) ဆုကြေးငွေလိမ်လည် ထုတ်ပေးခြင်းများ ပြုလုပ်နိုင်ပါသည်။  ထိုကဲ့သို့သောကိစ္စများမှာ ကုမ္ပဏီတွင် ဝန်ထမ်းဉီးရေ များပြားပြီး  လစာပေးမှုပမာဏများပြားပါက လိမ်လည်မှုအား ဖော်ထုတ်ရန် ခက်ခဲနိုင်ပါသည်။ အလားတူပင် ကုမ္ပဏီတွင် ကြီးကြပ်မှုအားနည်းနေခြင်းအပေါ် အမြတ်ထုတ်လိုသည့် ဝန်ထမ်း ဘက်မှလည်း  လစာငွေပြန်အမ်းပေးသည့် အစီအမံအပေါ် လိမ်လည်မှုပြုလုပ်နိုင်ကာ  ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံအား အလွန်အကျွံဖော်ပြလျက် ၎င်းတို့အတွက် ပြန်အမ်းငွေများကို ပမာဏပိုမို၍ လိမ်လည်ထုတ်ယူနိုင်ပါမည်။

ဆုံးရှုံးမှုကြုံတွေ့နိုင်ခြေအား လျှော့ချရန် အကြံပြုချက်နှင့် ဖြေရှင်းနည်းများ

(က) လုပ်ငန်းတာဝန်များ ခွဲပေးထားခြင်း

လုပ်ငန်းတာဝန်များ ခွဲဝေပေးခြင်းမှာ ငွေကြေးခိုးယူမှုများအား ကန့်သတ်ရန် မဖြစ်မနေဆောင် ရွက်ခြင်းပင်ဖြစ်ပါသည်။ e-banking ဖြင့်ပေးချေခြင်းအား ဆောင်ရွက်ရန် ဝန်ထမ်းများအကြား တာဝန်ခွဲဝေပေးထားသင့်ပါသည်။ လက်တွေ့ကျသည့် ဖြေရှင်းနည်းတစ်ရပ်မှာ ရုံးချုပ်ရှိ ဘဏ္ဍာ ရေးမန်နေဂျာက ပေးချေမှုများအား အတည်ပြုပေးရန် e-banking တိုကင်ကိုင်ထားခြင်းမျိုးဖြစ် ပါသည်။

လုပ်ငန်း၏ ချက်လက်မှတ်စာအုပ်ကို ကိုင်ထားရသည့် ငွေကိုင်အား ကုမ္ပဏီတံဆိပ်တုံးအား လွတ်လပ်စွာ အသုံးပြုခွင့်ပေးမထားသင့်ပါ။  သို့မဟုတ်ပါက ဘဏ်မှ ငွေလိမ်လည်ထုတ်ယူနိုင် ပါသည်။ အလားတူပင် ဘဏ်ငွေဝင်ငွေထွက်များနှင့် ငွေသားလွှဲပြောင်းမှုများကို သေချာစွာ မှတ်တမ်းတင်ထားရန်လိုအပ်ပြီး ငွေကိုင်နှင့် စာရင်းကိုင်အား တစ်ဉီးစီခန့်ထားရန် လိုအပ်ပါ သည်။

ထို့ပြင် သင်္ဘောတင်ပို့လိုက်သည့် မည်သည့်ကုန်အမှာစာကိုမဆို မှတ်တမ်းတင်ထားရှိသင့်ကာ ကုန်ပစ္စည်းလက်ကျန်စာရင်း၊ တင်ပို့မှုမှတ်တမ်း၊ ကုန်အမှာစာနှင့် အရောင်းတန်ဖိုးတို့အား သင့် လျော်စွာ တာဝန်ခွဲဝေပေးလျက် သတိထား၍ ထိန်းကျောင်းကြပ်မတ်သင့်ပါသည်။

(ခ) ထိရောက်ရှင်းလင်းသည့် အစီရင်ခံတင်ပြမှုအားတည်ဆောက်ထားပြီး သေချာစွာ စီမံကြီး ကြပ်ခြင်း

တရုတ်နိုင်ငံတွင် လာရောက်လုပ်ကိုင်ကြသည့် နိုင်ငံခြားလုပ်ငန်းများသည် ပိုမိုထိရောက်သည့် ဆုံးဖြတ်ချက်ချမှတ်သည့်ပုံစံနှင့် တစ်ဉီးတစ်ယောက်အပေါ်တွင် အားထား၍ အကျိုးအမြတ်ရ ယူခြင်းဟူသည့် ပုံစံအရ ဝန်ထမ်းတစ်ဉီးတည်းအပေါ်တွင် လုပ်ပိုင်ခွင့်အား ယုံကြည်အပ်နှံထား ခြင်းမျိုးပြုတတ်ကြပြီး များသောအားဖြင့် တရားဝင် ကိုယ်စားလှယ်များထားရှိကြရာ ပွင့်လင်း မြင်သာမှုနှင့် ထိန်းချုပ်မှုအားနည်းခြင်းဆီသို့ ဉီးတည်တတ်သည်ကို သတိပြုကြရပါမည်။

ရောင်းချမည့်ဈေးနှုန်းအားဖြင့် မတူညီသည့်ပစ္စည်းများအတွက် ဈေးနှုန်းအပိုင်းအခြားအား ခိုင် မာစွာ သတ်မှတ်ထားသင့်ပါသည်။ ဖောက်သည်အသစ်များကို ခေါ်ဆောင်လာရန် အရောင်း အဖွဲ့ (Sales Team) များအပေါ် မှီခိုနေရသည့်ကုမ္ပဏီများတွင် ထိုသို့သတ်မှတ်ထားနိုင်သည့် ပစ္စည်းများရှိသကဲ့သို့ ဖောက်သည်တစ်ဉီးချင်းနှင့် ဈေးနှုန်းညှိနှိုင်းရောင်းချရသည့် ပစ္စည်းအချို့ရှိ ပါကလည်း လုပ်ငန်းအတွင်း မူဝါဒအား ချမှတ်ထားရန် အရေးကြီးပါသည်။  ဉပမာ- ဝန်ထမ်းက အရေအတွက်ပေါ်မူတည်၍ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအား ရောင်းချနိုင်သည့် ရှင်းလင်း စွာချမှတ်ထားသော ဈေးနှုန်းမျဉ်း (သတ်မှတ်ချက်) မျိုးဖြစ်ပါသည်။ အကယ်၍ ကြိုတင်ဆုံး ဖြတ်ထားသည့်နှုန်းဖြင့် ရောင်းချခြင်းမျိုးမဟုတ်ပါက စီနီယာမန်နေဂျာထံမှ ခွင့်ပြုချက်ကို ကြို တင်ရယူရန် လိုသည့်ဉပမာမျိုးဖြစ်ပါသည်။  ထိုသို့ဆောင်ရွက်မှသာ ဖောက်သည်များနှင့် မိတ် ဖက်ပြုကာ လိမ်လည်ခြင်း (သို့မဟုတ်) ငွေကြေးခိုးယူခြင်းစသည့် ဆုံးရှုံးနိုင်ခြေများကို လျှော့ချ နိုင်မည် ဖြစ်ပါသည်။

(ဂ) ကုန်လက်ကျန် စီမံခန့်ခွဲသည့်စနစ်အား ပြန်လည်စစ်ဆေးခြင်း

ကုန်လက်ကျန်စီမံခန့်ခွဲမှုအပေါ် လုပ်ငန်းအတွင်းထိန်းချုပ်မှု အကောင်အထည်ဖော်ထားရှိမှုမှာ မရှိမဖြစ်ဖြစ်ပါသည်။ ဖောက်သည်များထံမှ ကုန်မှာယူမှုများ၊  ကုန်လက်ကျန်များ ရွေ့လျားထား သိုမှု မှတ်တမ်းများနှင့် စာရင်းကိုင်မှတ်တမ်းများအား တစုတစည်းတည်း တိတိကျကျစုစည်း ရန် အလွန်ခက်ခဲသောကြောင့် ကုန်သွယ်ရေးနှင့် စက်မှုကုန်ထုတ်လုပ်ရေး ကုမ္ပဏီများအတွက် ကုန်လက်ကျန်စီမံခန့်ခွဲမှုအား ထိန်းကျောင်းရန်နှင့် အလိုအလျောက်ဆောင်ရွက်စေရန် သင့် လျော်သည့်  IT စနစ်များအား အကောင်အထည်ဖော်ထားရန် အလွန်အရေးကြီးပါသည်။  

ထို့ပြင် ကုန်စည်ထောက်ပံ့သူများနှင့် ပူးပေါင်းလိမ်လည်မှုများ ပြုနိုင်ခြင်းအား ကန့်သတ်ရန် ဝယ်ယူရေးမန်နေဂျာနှင့် သိုလှောင်ရုံမန်နေဂျာအကြား လုပ်ငန်းတာဝန်များကို သင့်လျော်စွာ ခွဲ ထားပေးရန်မှာလည်း မရှိမဖြစ် လိုအပ်လှပါသည်။

(ဃ) ကော်ပိုရိတ်စီမံအုပ်ချုပ်မှုပုံစံအား ပြန်လည်အကဲဖြတ်ခြင်း

တရုတ်ကဲ့သို့သော ဆုံးရှုံးနိုင်ခြေကြီးမားသည့် ဈေးကွက်များနှင့် ဆက်ဆံလုပ်ကိုင်ရာတွင် နိုင်ငံ ခြားကုမ္ပဏီများအနေဖြင့် ပြည်တွင်းအနေအထားနှင့် ၎င်းတို့၏အစီအမံများ လိုက်လျောညီထွေ ခြင်းရှိ၊ မရှိ သေချာစေရမည်။  တရုတ်နိုင်ငံတွင် စွန့်စားမှုနှင့်မကင်းသော စီးပွားရေးလုပ်ငန်း အသစ်တစ်ရပ် စတင်ချိန်၌ ကုမ္ပဏီ၏ အုပ်ချုပ်မှုပုံစံအတွင်း ထိန်းချုပ်ရေးယန္တရားအား ကြိုတင် စီမံချက်ချ၍ မြှုပ်နှံထားရန်လိုအပ်ပါသည်။  လုပ်ငန်းတာဝန်များ ခွဲဝေချထားသည့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုပုံစံအား သင့်လျော်စွာ တည်ဆောက်ထားပါက ရှယ်ယာရှင်များအနေဖြင့် ရေရှည် တွင် တရုတ်နိုင်ငံ၌ လုပ်ငန်းဆောင်ရွက်မှုအပေါ် ပိုမိုကောင်းမွန်စွာ ထိန်းချုပ်သွားနိုင်ပါမည်။  အနာဂတ်တွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုပုံစံပြောင်းလဲရန် လိုအပ်ပါက အဓိကစီမံခန့်ခွဲမည့် ပုဂ္ဂိုလ်၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်ဝတ္တရားများကိုပါ သတိကြီးစွာထား၍ သတ်မှတ် ထားသင့်သည်။

COVID-19 ကပ်ရောဂါဖြင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ဆုံးရှုံးနိုင်ခြေများ အား လျော့ပါးသက်သာစေရန် ကုမ္ပဏီတွင်း ထိန်းချုပ်ရေးယန္တရားမှတဆင့် ဖွွံ့ဖြိုးသွားရန်နှင့် အချိန်ကြာလာသည်နှင့်အမျှ စနစ်၏ထိရောက်မှုသေချာစေရန် ကုမ္ပဏီအတွင်း ထိန်းချုပ်သည့် လုပ်ထုံးလုပ်နည်းများအား ပြန်လည်သုံးသပ်စေရန် တရုတ်နိုင်ငံရှိ လုပ်ငန်းများအား တိုက်တွန်း ထားပါသည်။

ထိုကဲ့သို့ပုံစံမျိုးဖြင့် နိုင်ငံခြားကုမ္ပဏီအများပြားက ၎င်းတို့၏ တရုတ်လက်အောက်ခံ ကုမ္ပဏီ များ၏ လုပ်ငန်းတွင်းထိန်းချုပ်မှုစနစ်အား ကာလအပိုင်းအခြားဖြင့် ပြန်လည်သုံးသပ်ရန် စာရင်း စစ်အဖွဲ့များအား ရွေးချယ်ကြပါသည်။ ထိုစဉ်အတောအတွင်း ကုမ္ပဏီ၏ လိုက်နာရမည့် ကျင့် ဝတ်များအား တရုတ်ဝန်ထမ်းများ သတိပြုမိစေရန်နှင့် လုပ်ငန်းလည်ပတ်ရာ၌ လိမ်လည်မှုကာ ကွယ်ရေးအစီအမံများကိုလည်း ဒေသခံဝန်ထမ်းအဖွဲ့များဆီသို့ ပို့ချရပါမည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Briefing  (၈-၆-၂၀၂၀)

 

Category: International News